Friday, 1 June 2012
**********Family Cyber Alert ဆိုတဲ့
Software အကြောင်းတစ်စေ့တစ်စောင်း**********
သိပြီးသားကို ခုမှလာပြီးရေးတယ်ဆိုရင်လည်း ကျွန်တော် မသိသေးသော သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်လို့ တောင်းပန်ထားပါရစေဗျာ။
အရင်ဆုံးကျွန်တော်ပြောချင်တာကတော့ တီထွင်လိုက်တဲ့သူကတော့ Software ကို အကောင်းဆုံးရည်ရွယ်ချက်နဲ့
မိဘတွေအတွက်စဉ်းစားပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်၊၊
အဲ့ဒါကြောင့် Family Cyber Alert ကို The Best Parental Control လို့တောင်ခေါ်ပါတယ်ခင်ဗျာ။
ဆော့ဝဲလ်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ...
မိဘတွေသားသမီးတွေကို စောင့်မကြည့်နိုင်တဲ့ခေတ်ကြီးမှာ ကိုယ့်သားသမီး ဘယ်ဝက်ဆိုက်ကိုဝင်တယ်...
ဘာကားတွေကိုကြည်တယ်...ဆိုတာကိုပြန်လာရင် အချိန်တိုင်း၇ဲ့အသုံးပြုပုံကို ပြန်ပြီးကြည့်နိုင်အောင် ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ....
ဒီဆော့ဝဲလ်မှာပါဝင်တဲ့ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း အောက်မှာကြည့်ပါဦး....
Email Recording
Chat/Instant Messenger Recording
Website Recording
Application Recording
File Access Recording
Keystroke Recording
Screen Snapshot Recording
Time & Sequence Recording
အဲဒိ့ဆော့ဝဲလ်ကို ဆိုက်ဘာဆိုင်မှာလည်း သုံးလိုက်ရော အသုံးပြုသူတွေကို အလွန်အမင်းအရှက်ရစေနိုင်သော...
လူတစ်ဖက်သားအတွင်ရေးကို ၀င်ရောက်စွက်ဖက်လိုက်သော နတ်ဆိုးတစ်ပါးအဖြစ်ရောက်ရှိသွားပါတယ်ခင်ဗျာ...
ဒီဆော့ဝဲလ်မှာ အပိုင်းတွေကို အားလုံး တစ်ကန့်ချင်းစီ ခွဲချားပြီး Save ထားတော့ မိမိအသုံးပြုနေတဲ့ အရာအားလုံးကို
စက္ကန့်တိုင်းမှာ စောင့်ကြည့်နေတဲ့လူထက်တောင် ပိုပြီးတိကျနေပါတယ်ခင်ဗျာ...
Screen shootကို အနည်းဆုံးစက္ကန့်အနေနဲ့
screen shoot ရိုက်မယ်ဆိုရင် တစ်စက္ကန့်ကိုထားလို့ရပါတယ်ခင်ဗျာ...အဲဒိအတွက် ခင်ဗျားချစ်သူကိုသာဗီဇတ်အိုပြတယ်ဆိုရင် ခုပြန်စဉ်းစားကြည့်ပါဦး ဘယ်လောက်ထိဖြစ်သွားနိုင်တယ်ဆိုတာကို။
နောက်ထပ်အားသာချက်တစ်ခုက Screen shoot ရိုက်ထားတဲ့ ပုံတွေကို
Vedio ဖိုင်ကိုပြန်ပြီးပြောင်းနိုင်တဲ့
Export to AVI ဆိုတာကလည်း ပါလာသေးတယ်ဗျာ...
ကျွန်တော်ပြောတာကလွန်ပါတယ်လို့ထင်မယ်ဆိုရင်
Task Manager ကနေ End process ပေးကြည့်လိုက်ပါရမလားလို့ ....
အဲဒိဆော့ဝဲလ်က ရီတောင်ရီနေဦးမယ် လုံးဝမရပါဘူးခင်ဗျာ...
အသုံးပြုသူတွေသိအောင်တော့ ကျွန်တော်ရေးလိုက်ပါဦးမယ်....
Task Manager ရဲ့ Process မှာ FCAcheck.exe လို့ပေါ်ပါတယ်ခင်ဗျာ....
မိမိအသုံးပြုမဲ့ကွန်ပျူတာမှာ စီစစ်စေချင်ပါတယ်ခင်ဗျာ...
ကျွန်တော်ခုရေးတဲ့အကြောင်းကို ဘယ်နေရာမှာမဆို အသုံးပြုခွင့်ဖေါ်ပြခွင့်ရှိပါတယ်ခင်ဗျာ...
သူငယ်ချင်းများကို ဝေမျှပေးပါလို့လည်း အကြံပေးချင်ပါတယ်ခင်ဗျာ....
  ဒေါင်းချင်သူများအတွက်....အောက်မှာဒေါင်းပါ
     ..ဒီမှာဒေါင်းပါ 
အဆင်ပြေမယ်လို့ တော့ထင်ပါတယ်...အဆင်မပြေတာရှိရင်လည်းတစ်ခုခုတော့ပြောထားခဲပါ
No comments:
Post a Comment