ကလေးတွေကိုလမ်းမှားမရောက်အောင် ဘယ်လိုထိန်းချုပ်မလဲ ....
ဒီကောင်လေးကတော့ ကျွန်တော်တို့ ကလေးတွေနဲ့ မိဘတွေကြားမှာရှိတဲ့
ထိန်းချူပ်မှုလေးတစ်ခုပေါ့ဗျာ.။ တောင်းထားတာလေးလဲ ရှိတာနဲ့
တင်ပေးဖြစ်သွားတာပါ။ ကျွန်တော်နောက်ပိုင်း ကျွန်တော့်မိတ်ဆွေတွေ
တောင်းထားတာလေးတွေကို ဖြေးဖြေးချင်းတင်ပေး သွားပါမယ် ခင်ဗျာ။ လက်တစ်လော
အချိန်လေးအတွင်းမှာတော့ နည်းနည်းလေးသည်းခံပေးပါလို့ တောင်းဆိုချင်ပါတယ်
ခင်ဗျာ။ အခုကျောင်းပိတ်ပြီဆိုတော့ ကျွန်တော့်မိတ်ဆွေတွေအတွက် အချိန်ပြည့်
Update ဖြစ်ပေးနိုင်အောင် ကျွန်တော်ကြိုးစားပေးသွားပါ့မယ်။ အခု
ဒီကောင်လေးရဲ့အကြောင်းကို အသေးစိတ်ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့
စက်တွေကို ကလေးတွေရဲ့ နေရာမှာ ထားတယ်ပေါ့ဗျာ.။ ဥပမာ အခန်းခွဲ အိပ်တဲ့
ကလေးတွေပေါ့နော်။ Internet ကနေသူတို့ သူငယ်ချင်းအသစ်တွေရှာမယ် ပြီးတော့
အိမ်စာ assignments တွေကို Internet ကနေတစ်ဆင့်ရှာဖွေလာကြမယ် နောက်ပိုင်း
သိလာတာနဲ့အမျှ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိလာပါမယ်။
ဥပမာ ကလေးတွေအတွက် မကြည့်သင့်တဲ့ ဆိုဒ်မျိုးတွေပေါ့ဗျာ။ ဒါက အရှင်းဆုံး
ဥပမာအနေနဲ့ ပြောပြတာပါ။ Password နဲ့ အသုံးပြုတဲ့အတွက် လုံခြုံ ပါတယ်။
ထပ်ပြီးတော့ ကလေးတွေ
ဝင်မဖြုတ်နိုင်အောင်လည်း Registry တွေ Command Prompt တွေကိုပါ
ဒီကောင်လေးကနေ ဖျောက်ပေးထားနိုင်ပါတယ်။ ဒါထက်ပိုပြီးအသုံးဝင်တဲ့ Features
လေးတွေ ထပ်ပြီး ပါဝင်ပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့ မိဘတွေအနေနဲ့
ဒီကောင်လေးနဲ့ ကလေးတွေ မသိအောင် ဘယ်လို ထိန်းချူပ်ထားမလဲဆိုတာကို အောက်မှာ
ဆက်ကြည့်ရအောင်ဗျာ.။ အဆင်မပြေတဲ့သူတွေအတွက်ကိုပါ ကျွန်တော် PDF
ဖိုင်လေးပါထည့်ပေးထားပါတယ်။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ Key ထည့်တာလေးကို ပြထားပါတယ်။ အောက်မှာဆက်ကြည့်လိုက်ပါ။
ကျွန်တော် ကီးထည့်ထားတာကို ပြပေးထားတာပါ။ အထဲမှာ Keygen လေးထည့်ပေးထားပါတယ်။ အောက်မှာ ဆက်ကြည့် ရအောင်ဗျာ.။
ဒါကတော့ ကျွန်တော်တို့ Key ထည့်ပြီးတဲ့ အချိန်မှာ ပထမဆုံး ဖြစ် Time Limits
ကနေစကြည့်တာလေး ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ကျွန်တော်တို့ PC ရဲ့အချိန်ကို
မိမိတို့ လိုသလို ထိန်းချူပ်ပေးထားနိုင်ပါတယ်။ အောက်ကတစ်ဆင့်ကတော့
Internet သုံးတဲ့အချိန် ဖြစ်ပါတယ်။ ဒါလေးကိုလည်း မိမိတို့လို အပ်သလို
ထပ်ပြီး ထိန်းချုပ်ပေးထားနိုင်ပါတယ်။
ဒါကတော့ ဒုတိယအဆင့်လေး ဖြစ်ပါတယ်။ PC Blocked Times နဲ့ Internet Blocked
Times ဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။ ကျွန်တော်တို့ ရက်အလိုက်
ကလစ်လေးထောက်ပြီး ထိန်းချုပ်ပေးထားနိုင်ပါတယ်။ ဆက်ကြည့်ရအောင်ဗျာ.။
ဒါကတော့ Special Limits လေးပဲဖြစ်ပါတယ်။ ကျွန်တော် တို့ လိုအပ်သလို
ထိန်းချုပ်ပေးထားနိုင်ပါတယ်။ အသုံးပြုရတာလည်း ပုံလေးတွေမှာ ပါဝင်တဲ့
အတိုင်းပဲ ရိုးရိုးရှင်းရှင်းလေးတွေပါပဲ။
ဒီအဆင့်လေးကတော့ ကျွန်တော်အကုန်တော့ မရှင်းပြတော့ပါဘူး။ ရိုးရိုးလေးပါပဲ။
ကျွန်တော် မျှားလေးထိုးထားတာလေးတွေကိုလိုက် ကြည့်ရင်ကို အဆင်ပြေပါလိမ့်မယ်။
ကျွန်တော်တို့ ပိတ်ထားလိုတဲ့ ကောင်လေးတွေကို
အမှန်ခြစ်လေးတွေလိုက်ပေးလိုက်ရုံပါပဲ။ ဒုတိယတစ်ခုရဲ့ Unwanted ( URL )
ဆိုတဲ့နေရာလေးမှာတော့ ကျွန်တော်တို့ ကလေးတွေကို မမြင်စေချင်တဲ့ ဆိုဒ်ရဲ့
လင့်ခ်လေးတွေကို ထည့်ပေးလိုက်ရုံပါပဲ။ အခုလိုပဲ ဆက်ပြီး မိမိတို့
လိုအပ်သလို ကလေးတွေအတွက် လိုအပ်သလို ထိန်းချုပ်ပေးထားနိုင်ပါတယ်။
ဒီအဆင့်ကတော့ မိမိတို့ ကလေးတွေအတွက် မသုံးစေလိုတဲ့ Programs လေးတွေကို
ပိတ်ထားခြင်းပဲဖြစ်ပါတယ်. ။ ဒါ့အပြင် သူတို့ Run
ပြီးသုံးမရအောင်ပါပိတ်ထားလို့ရပါတယ်။ ဆက်ကြည့်ရအောင်ဗျာ.။
ဒါကတော့ ကျွန်တော် ဟိုး အရှေ့မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။ Command Prompt
တွေ Registry Editor တွေကို ဖျောက်ပေးနိုင်ခြင်း စတဲ့ Features
လေးတွေဖြစ်ပါတယ်.။ အဆင်ပြေမှာပါ။
ဒါကတော့ နောက်တစ်ဆင့်ပါ။ ကျွန်တော်တို့ ဖိုလ်ဒါလေးတွေကို Lock ချလိုက်တာပါ။
မိမိတို့ မမြင်စေလိုတဲ့ ဖိုလ်ဒါလေးတွေ ကို Add ကနေပေါင်းထည့်ပေးပြီး
ထိန်းချုပ်ထားရုံပါပဲ။။
ဒါကတော့ ကျွန်တော်တို့ Administrator နဲ့ Users ခွဲခြားပေးနိုင်တဲ့ကောင်လေးဖြစ်ပါတယ်။ အောက်မှာ ဆက်ကြည့်ရအောင် ဗျာ.။
ဒါကတော့ ကျွန်တော်တို့ လိုအပ်သလိုပြုပြင်ထိန်းချုပ်နိုင်မယ့် အဆင့်လေးပဲ
ဖြစ်ပါတယ်.။ ကျွန်တော်တို့ အားလုံး ဒီလောက်ဆိုရင် ကျွန်တော်ရဲ့ ကလေးတွေကို
ဘယ်လိုနည်းနဲ့ ထိန်းချုပ်ပေးနိုင်မလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။
တစ်ချို့ကြတော့ keylogger လေးတွေသုံးကြပါတယ်။ ဒါလေးက သုံးရတာ
ပိုအဆင်ပြေပါတယ်။ ကျွန်တော်ပုံမမြင်ရတဲ့ သူတွေအတွက် အဆင်ပြေအောင် PDF
ဖိုင်လေးနဲ့ပါ ထပ်ပြီးထည့်ပေးထားပါတယ်။ ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 19.8
MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။
Salfeld Child Control 2012
PDF File Download
အားလုံးပဲအဆင်ပြေကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။
မှတ်ချက်။။။နေမင်းမောင် မှ ကူးယူမျှဝေထားပါသည်










No comments:
Post a Comment