Saturday, 28 July 2012

 

☆☆မိမိချစ်သူနဲ့လက်ထပ်မယ်ဆိုရင်း မွေးလာမဲ့ကလေးကိုကြိုကြည့်မယ်နော်☆☆☆

 
 
 
 
 
 
အခုတင်ပြတဲ့နည်းလေးကမိမိချစ်သူနဲ့လက်ထပ်မယ်ဆိုရင်း
မွေးလာမဲ့ကလေးကိုကြိုကြည့်မယ်နော်။
 
 
အဲမှာ Browse ကိုနှိပ်လိုက်ပါ။
မိမိကွန်ပျူတာထဲက မိမိပုံကိုထည့်လိုက်ပါ။
တစ်ခြားပုံလဲထည့်လို့ရတယ်နော်...ခိခိ
ကျွန်တော်ကတော့ ကျွန်တော်ရဲ့ပုံကိုထည့်လိုက်ပါတယ်။
အချောဆုံးအလှဆုံးပုံကိုပါ...ခိခိ
ထည့်ပြီးရင်း Go ကိုနှိပ်လိုက်ပါ။
ကျွန်တော်ပုံလေး ပေါ်လာပါပြီး။
Next ကိုနှိပ်လိုက်ပါ။
အဲမှာ ကျွန်တော် မျှားပြထားတဲ့ အကွက်ကိုနှိပ်လိုက်ပါနော်
အဲမှာ မိမိချစ်သူပုံကိုထည့်ရပါမယ်။
Browse ထည့်ကမိမိချစ်သူပုံကို ကွန်ပျူတာထဲကထည့်လိုက်ပါ။
ထည့်ပြီးရင်း Upload Photo ကိုနှိပ်လိုက်ပါ။
ကျွန်တော်ရဲ့အချစ်ဆုံးအချောဆုံး Queen ရထားတဲ့ ကျွန်တော်ချစ်သူပုံပေါ်လာပါပြီး။
Next ကိုနှိပ်လိုက်နော်။
နောက်နှစ်ဆင့်ကိုတော့မပြောပြတော့ဘူး။
ကျွန်တော်ကလေးပုံကိုရှက်လို့ခိခိ။
နောက်တစ်ဆင့်မှာတော့ မိမိပုံနဲ့မိမိချစ်သူပုံပေါ်လာမယ်။
အောက်မှာ ယော်ကျာ်းလေးလား၊မိန်းကလေးဆိုတာ
ရွေးပါ။ကိုယ့်ကလေးလိုချင်တာပေါ့။
ပြီးရင်း နာမည်ပေးလိုက်ပါ။
ဒါဆိုရင်းမိမိကလေးပုံပေါ်လာပြီး။
ရင်ခုန်စွာနဲ့လုပ်ကြည့်ကြနော်.
 
 
 
မှတ်ချက် ၊၊၊၊မာစတာဘင်းမှ ကူးယူဖော်ပြထားပါသည်
 

Nokia ဖုန်းကနေ messages တွေ video နဲ့ အသံနဲ့ images တွေ Free ပို့မယ်

 



nokia ဖုန်းလို့ပြောပေမယ့် iPhone, BlackBerry, , Android, Windows Phone


တွေမှာလည်းအသုံးပြုလို့ရပါတယ် သူက အင်တာနက် သုံးရတဲ့ ဖုန်းတွေမှာအသုံးပြုလို့ရပါတယ်

မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ Nokia ရိုးရိုးဖုန်းဖြစ်တဲ့ Java ဖုန်းတွေမှာတောင်အသုံးပြုလို့ရပါတယ် ကျွန်တော် Java ဖုန်းကနေစမ်းကြည့်တာအဆင်ပြေပါတယ် messages တွေ video နဲ့ အသံ တွေ ပို့မယ်ဆိုရင်
whatsapp ရှိရပါမယ် ပြီးတော့ ဖုန်းနံပတ်လည်းရှိရပါမယ် အဲဒါဆို ပို့လို့ရပါပြီ(အသံပို့တဲ့ ကိုယ်ပြောချင်တာကို အသံသွင်းပြီးပို့ပေါ့ဗျာ)
တကယ်လို့ ကိုယ်ပို့ချင်တဲ့ တစ်ဖက်ဖုန်းမှာရှိဘူးဆိုရင် အင်ဗိုက် လုပ်လို့ရပါတယ်
အသေးစိတ်ကိုတော့ http://www.whatsapp.com/ မှာလည်းလေ့လာနိုင်ပါတယ်
ယူမယ်ဆိုရင် http://www.whatsapp.com/ မှာရယူနိုင်ပါတယ်
Nokia Java အတွက်လည်းရတယ်နော် သုံးမယ်ဆိုရင်
လိပ်စာကိုမှတ်ထားပြီး ဖုန်းထဲကနေဒေါင်းနိုင်ပါတယ်

Laptop ကိုမြန်အောင်ပြန်လုပ်မယ်

 

သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းကထက်စာရငအလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ် ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။
အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ် လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန် လာတာ တွေ့ရပါလိမ့်မယ်။
အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ အမေရိကန်အခြေစိုက် Laptop မဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။
၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ
RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံ ရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်
မယ်လို့ သိရပါတယ်။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာ တွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။
၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ
သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။
အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီ လိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။
Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါ တယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန် ဆန် လာပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခု ကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။
၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ
တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်း က နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လို အပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။
သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေ ကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထား တဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။
အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆို ရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့် ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။
၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ
သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါ တယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကို အင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။
Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။
တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှား အယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။
၅။ Search Indexing ကိုပိတ်ထားပါ
Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။
စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။
၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ
Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေ က သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေတယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက် သူထံ တိတ် တဆိတ်ပြန် လည် ပို့ဆောင်ပေးနေ ပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက် လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေ ပါတယ်။
အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာ ကွယ်ပြီး သားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။
စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search &Destroy ဆော့ဖ်ဝဲ အသုံးပြုဖို့ ထောက်ခံပါတယ်။
၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ
သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။
သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ် ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက် ပါ။ လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။