Monday, 25 June 2012

*****Xilisoft DVD Creator & Xilisoft DVD copy Express******





ကျွန်တော်အခု  Xilisoft DVD Creator  နဲ့  Xilisoft DVD Copy Express  လေးတင်ပေးလိုက်ပါတယ်။
တောင်းထားလေးရှိတာရယ် ၊လိုအပ်တဲ့ သူတွေလဲယူလို့ရအောင် တင်ပေးလိုက်တာပါ။ ကျွန်တော်တို့
ဒီကောင်လေးကတော့ ကျွန်တော်တို့ ပြောင်းလဲချင်တဲ့ Video Format အတိုင်း AVI, MPEG, DivX, DV,
VOB, WMV စတဲ့ဖိုင်အမျိုးအစားလေးတွေကို DVD movie, DVD folder ဒါမှမဟုတ်  ISO files အနေနဲ့
အလွယ်ကူဆုံးနဲ့ အလျင်မြန်ဆုံးဖြစ်အောင်ပြောင်းပေးနိုင်ပါတယ်။ကျွန်တော်တို့ DVD အခွေလေးတွေရဲ့
MENU လေးတွေကိုလည်း မိမိတို့စိတ်ကြိုက်ပြောင်းလဲပေးနိုင်ပါတယ်။နောက်ခံ Background လေးတွေ
ကိုလည်းမိမိတို့စိတ်ကြိုက်ပြောင်းလဲပေးနိုင်သလို၊အဲ့ဒီ Background လေးတွေရဲ့သီချင်းသံလေးတွေကို
လည်းမိမိတို့စိတ်ကြိုက်ပြုလုပ်လို့ရပါတယ်။ဒါ့အပြင် video effect လေးတွေကိုလည်းပြောင်းလဲပေးနိုင်ခြင်း၊
frame size လေးတွေကိုလည်းပြောင်းလဲပေးနိုင်ခြင်း၊subtitles လေးတွေလည်းထည့်သွင်းပေးနိုင်ခြင်းစတဲ့
Features လေးတွေတော်တော်များများပါဝင်ပါတယ်။ကျွန်တော်အောက်မှာဆက်ရှင်းပြပေးထားပါတယ်။
RUN ရတာလည်းလွယ်ကူပါတယ်။ဖိုင်ဆိုဒ်ကလေးကလည်း 48.5 MB ပဲရှိပါတယ်။


ပထမအနေနဲ့ Setup ဖိုင်လေးကိုစပြီး RUN ပါမယ်။ ကျွန်တော်ပုံလေးမှာပြထားတဲ့အတိုင်းပါပဲ။

ဒီကောင်လေးတွေကိုနှိပ်မယ်ဆိုရင် Serial keys လေးတွေထည့်ထားတဲ့ Notepad လေးတွေထွက်လာ
ပါမယ်။အဲ့ဒီကနေယူလိုက်ပါ။ပြီးရင်တော့ မိမိတို့နှစ်သက်ရာနာမည်လေးပေးလို့ရပါတယ်။
 
အခုလိုထည့်ပေးလိုက်ရင် Full version လေးသုံးလို့ရပါပြီ။
DVD creater ရော DVD copy ရော နှစ်မျိုးစလုံး အသုံးပြုလို့ရပါတယ်။နှစ်မျိုးစလုံးကလည်းအသုံးပြု
ရတာလွယ်ကူပါတယ်။ကျွန်တော်အောက်မှာသုံးနေရာ ခွဲတင်ပေးထားပါတယ်။အဆင်ပြေမယ့်လင့်ခ်
လေးကနေသာယူသွားလိုက်ပါဗျာ။








Downloading from ifile.it

Downloading from mediafire

Thursday, 21 June 2012

Salon Styler v5.2.1 Professional

 

ကျွန်တော်ဒီကောင်လေးကို ကျွန်တော့်အစ်ကိုတစ်ယောက်လဲ တောင်းထားတာလေး ရှိတာနဲ့ တင်ပေးလိုက် တာပါ။ ကျွန်တော်တို့ ဆံပင်ပုံစံကိုမိမိတို့ နှစ်သက်သလို ပြုပြင်ပြောင်းလဲလို့ရတဲ့ အပြင် မိမိတို့ ရဲ့ မျက်နှာ အနေအထားနဲ့ အရောင်အသွေးစတာတွေ တော်တော်များများ ကိုပြုပြင်ပေးနိုင်ပါတယ်။ အထဲမှာ အသုံးပြုပုံ နဲ့ ဆံပင်ပုံစံ Catalogue လေးတွေကိုပါ ထည့်ပေးထားပါတယ်။ Full Version ဖြစ်အောင် Crack ဖိုင်လေးပါထည့်ပေးထားပါတယ်။ Catalogue လေးထဲမှာ ပုံစံလေးတွေ တော်တော်များများပါဝင်ပါတယ်။ အဓိကကတော့ မိန်းကလေးတွေအတွက်က ပိုများပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာ ယူသွားလိုက်ပါ ဗျာ။
Salon Styler v5.2.1 Professional 

AutoCAD2012 Full download (32 Bits and 64 Bits)

 

တောင်းတဲ့ သူတွေကလည်း မြန်မြန်လေး ဆိုတော့ အမြန်သာ ရှာပြီး တင်ပေးလိုက်ပါတယ်ခင်ဗျာ .. မေးလ်ထဲမှာ အကိုတစ်ယောက် တောင်းထားလို့ ရှာပြီးတင်ပေးလိုက်ပါတယ် .. 32 Bits အတွက်ရော 64 Bits အတွက်ရော Mediafire ကနေရှာပြီး တင်ပေးလိုက်ပါတယ် .. အောက်မှာသာ မိမိတို့ အသုံးပြုနေတဲ့ Windows Version အလိုက်ရွေးပြီး ဒေါင်းလော့ချသွားလိုက်ပါ .. 








Download  For  32 Bits

32BIT: http://www.mediafire.com/?gqzgr1mq08spl

Download  For  64 Bits 

64BIT: http://www.mediafire.com/?3d77egzf43qpu 


အဆင်မပြေတာများရှိရင် အောက်မှာ Comment ချန်ခဲ့ပေးပါ
***Optitex9.6 Fashion Design***



အဆင်ပြေမယ်ထင်တာလေးတင်ပေးလိုက်ပါတယ် .. တစ်ချို့ဆော့ဝဲလ်တွေက လူသုံးသိပ်များတော့ Free ရဖို့ကျတော့ တော်တော်ခဲယဉ်းတယ်ဗျာ .. ကျွန်တော် အဆင်ပြေအောင်တော့ ရှာလို့ရတာလေး တင်ပေးလိုက်ပါတယ် .. အပိုင်း ( ) ပိုင်းရှိပါတယ် .. Crack  File လေးကိုတော့ သက်သက် တင်ပေးထားပါတယ် .. 2D and 3D CAD/CAM Fashion Design Software  လေးပါ .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ သာဒေါင်းလော့ချသွားလိုက်ပါ .. 

 

 

http://www.mediafire.com/?nnrymujm25y


http://www.mediafire.com/?zwzjmzmhrqy


http://www.mediafire.com/?jmzojlzmzm3


http://www.mediafire.com/?zlv4umxmzgz


http://www.mediafire.com/?3gnkmduzymd


http://www.mediafire.com/?1ymnlyklwu3

****DVD.Slideshow.Builder.Deluxe.6.1.9.60 Full****

 
ကျွန်တော် အစကတော့ ဒီကောင်လေးကို အသုံးပြုနည်း ရေးမယ်လို့ စဉ်းစား ထားတာ .. အချိန်လည်း မပေးနိုင်တော့ တာကြောင့် မရေးပေး ဖြစ်တော့ပါဘူး .. DVD Slide Show ပြုလုပ်ချင်သူတွေ အတွက်တော့ ဒီကောင်လေးက တော်တော် အသုံးဝင်မှာ ဖြစ်ပါတယ် .. ဖိုင်ဆိုဒ်ကလည်း အရမ်းမကြီးပဲ ပေါ့ပေါ့ ပါးပါးနဲ့ အသုံးပြုနိုင်မှာ ဖြစ်သလို ဒီဇိုင်း ပုံစံ အမျိုးမျိုးနဲ့ ပုံလေးတွေကို ဖန်တီး နိုင်မှာ ဖြစ်သလို Effect တွေကိုလည်း လန်းလန်းလေးတွေ သုံးနိုင်မှာ ဖြစ်ပါတယ် .. Zawgyi-One လည်း သုံးရတာ အဆင်ပြေပါတယ် .. မြန်မာဖောင့် ကောင်းကောင်း သုံးလို့ရပါတယ် .. U-Lead သုံးရတာထက် ဒီကောင်လေးက လွယ်လည်းလွယ်သလို .. ပိုပြီးတော့လည်း အဆင်ပြေပါတယ် .. ဓာတ်ပုံ DVD Slideshow လေးတွေကို လန်လန်းလေး ဖန်တီးချင်သူတွေ အတွက်တော့ အထူးဆောင်ထားသင့်တဲ့ ကောင်လေးပါ .. ကျွန်တော် ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် အထဲမှာ Keygen လေးပါ ထည့်ပေး ထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ .. 







Download  From  Ifile.it

Downlaod  From  Mediafire

Download  From  Sharebest

Photo.DVD.Maker.Pro.8.35+Keygen

 

ကျွန်တော်အခု Photo DVD Maker လေးတစ်ခု ထပ်တင်ပေးလိုက်ပါတယ် .. မိမိတို့ရဲ့ ဓာတ်ပုံလေးတွေ ကို ပဲဖြစ်ဖြစ် ၊ ဓာတ်ပုံလေးတွေနဲ့ Slide Show လေးတွေ ပြုလုပ်ပြီး DVD ပြန်ထုတ်ချင်တဲ့ အခါမှာပဲ ဖြစ်ဖြစ် အလွယ်တကူ ဆောင်ရွက်နိုင်ဖို့ အတွက် အခုကျွန်တော် တင်ပေးလိုက်တဲ့ Photo.DVD.Maker လေးက အထောက်အကူ ပြုမယ်လို့ ထင်ပါတယ် .. အထဲမှာ မိမိတို့ သုံးချင်တဲ့ Effect လေးတွေကို လွယ်လွယ်ကူကူ အသုံးပြုပြီး ဖန်တီးနိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော် ဒီကောင်လေးကို Full Version လေးအသုံးပြုလို့ ရအောင် Keygen လေးပါ ထည့်ပေးထားပါတယ် .. Keygn လေးကို ဘယ်လို အသုံးပြုရမယ် ဆိုတာကိုတော့ အော်ကမှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ် .. လိုအပ်တဲ့ သူတွေကတော့ မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချ သွားလိုက်ပါ .. 

အပေါ်က ပုံအတိုင်း  Register ကိုနှိပ်လိုက်လို့ Register Box လေးကျလာပြီ ဆိုရ်ငတော့ Keygen လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အော်ကမှာ ပြထားတဲ့ အတိုင်း Copy ကူးလိုက်ပါ ..

ပြီးရင် အော်ကမှာ ပြထားတဲ့အတိုင်း ထည့်ပေးပြီး  Active ပေးလိုက်ပါ .. 
အပေါ်က ပုံအတိုင်း ပေါ်လာလို့ OK  ပေးပြီးသွားပြီ ဆိုရင်တော့ Photo.DVD.Maker.Pro.8.35 ကို Pro Version လေးနဲ့ အသုံးပြုလို့ ရသွားပါ လိမ့်မယ် .. 


အားလုံးပဲ အဆင်ပြေကြပါစေ ..
samsung Glaxy Ace တွင် Root လုပ်စရာမလိုပဲ မြန်မာဖောင့် ထည့်နည်း
 
ကျွန်တော် အခု Samsung Glaxy Ace မှာ Root လုပ်စရာ မလိုပဲ မြန်မာဖောင့် ထည့်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ ရှယ်ပေးသွားပါမယ် .. Myanmar Mobile Application Store မှာတော့ ပိုပြီးတော့ စုံပါတယ် .. ကျွန်တော် အဆင်ပြေတဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ တစ်ခြား အဆင်မပြေ သေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် ပြန်ရေးပေးသွားပါမယ် .. အမှန်တကယ် လုပ်ကြည့်လိုက်ရင်တော့ အဆင့်တွေက အရမ်းမများပါဘူး .. ကျွန်တော် မသိသေးတဲ့ သူတွေ အခက်အခဲ ရှိမှာ စိုးလို့ တစ်ဆင့်ချင်း ရှင်းပြပေး ထားတဲ့ အတွက် .. ပုံတွေ အရမ်း များနေလို့ပါ .. တစ်ဆင့်ချင်းပဲ လိုက်လုပ် ကြည့်လိုက်ပါ .. အဆင်ပြေသွား ပါလိမ့်မယ် ..
ကျွန်တော်တို့ မြန်မာဖောင့် သွင်းဖို့အတွက် အရင်ဆုံး အောက်မှာ တင်ပေးထားတဲ့ Myanmar Font ဆိုတဲ့ Folder လေးကို ဒေါင်းလော့ ချလိုက်ပါ .. Zawgyi_One.apk , Fontomizer_0.8.apk နဲ့ FrozenKeyboard_1.1.3.apk ဆိုပြီး Android Application သုံးခု တွေ့ရပါလိမ့်မယ် .. အဲ့ဒီကောင်လေးကို မိမိတို့ ဖုန်းရဲ့ SD CARD ထဲကို ထည့်လိုက်ပါ .. ပြီးသွားရင်တော့ ပထမဆုံး မြန်မာဖောင့်သွင်းဖို့အတွက် အပေါ်မှာ ဖော်ပြထားတဲ့ Application လေးတွေကို မိမိတို့ဖုန်းရဲ့ Android OS ထဲမှာ Install လုပ်လို့ ရဖို့အတွက် unknow sources ကိုသွားရွေးပေးထားဖို့လိုပါလိမ့်မယ် .. ဒါမှသာ Android Market ထဲက မဟုတ်တဲ့ Application တွေကို မိမိတို့ Android OS ထဲမှာ Install လုပ်လို့ရမှာ ဖြစ်ပါတယ် .. အောက်က ပုံမှာ ပြထားသလို အဆင့်ဆင့် သွားပြီး လုပ်ပေးလိုက်ပါ ..
အရင်ဆုံး Setting ကိုသွားပါ .. 

အောက်ကပုံမှာ ပြထားတဲ့အတိုင်း Unknow sources ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ Android OS ထဲမှာ Android Market ကမဟုတ်တဲ့ Application တွေကို Install လုပ်လို့ ရသွားပါလိမ့်မယ်..


အပေါ်က အဆင့်အတိုင်း ပြောင်းပြီး သွားပြီး ဆိုရင်တော့ Myanmar Font နဲ့ Keyboard ကို Install လုပ်ဖို့ အတွက် အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ .. ပထမဆုံး My file ကိုသွားလိုက်ပါ ..


ပြီးရင် စောစောက SD Card ထဲကို ထည့်လိုက်တဲ့ Myanmar fonts ဆိုတဲ့ Folder လေးကို ဖွင့်လိုက်ပါ ..


အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Application သုံးခု တွေ့ပါလိမ့်မယ် .. သုံးခုလုံးကို Install လုပ်လိုက်ပါ .. 


ကျွန်တော် Zawgyi-One.apk ဆိုတဲ့ ကောင်လေးကို နမူနာ Install လုပ်ပြထားပါတယ် ..



အပေါ်က အဆင့်အတိုင်း Application သုံးခုလုံးကို Install လုပ်ပြီးသွားပြီ ဆိုရင်တော့ မြန်မာဖောင့် ရေးလို့ရဖို့နဲ့ ဖတ်လို့ရဖို့ အတွက် အောက်မှာ ပြထားတဲ့ အဆင့်လေးတွေ အတိုင်း လိုက်ပြင် ပေးလိုက်ပါ .. 
အရင်ဆုံး မြန်မာလက်ကွက် ရိုက်လို့ရအောင် လုပ်ပါမယ် .. အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Setting ကိုသွားလိုက်ပါ .. 




အောက်ကပုံအတိုင်း FrozenKeyboard ကို အမှန်ခြစ်လေး ရွေးပေးလိုက်ပါ ..



ပြီးရင် နောက်တစ်အဆင့်  FrozenKeyboard အပေါ်မှာ ရှိတဲ့ Select input method ကိုသွားလိုက်ပါ .. 
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း FrozenKeyboard ကိုရွေးပေးလိုက်ပါ .. 


အပေါ်က အဆင့်တွေ အတိုင်း ပြောင်းပေး ပြီးသွားပြီ ဆိုရင်တော့ မြန်မာ လက်ကွက်ကို အသုံးပြုလို့ ရသွားပါလိမ့်မယ် .. နောက်တစ်ဆင့် မြန်မာစာ ပေါ်အောင် အောက်က အဆင့်အတိုင်း သွားပြီး ပြောင်းပေး လိုက်ပါ .. 
အရင်ဆုံး  Setting ကိုသွားလိုက်ပါ .. 


ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Display ကိုသွားလိုက်ပါ ..






အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Zawgyi One TTF ကိုရွေးပေးလိုက်ပါ .. 


ဒါဆိုရင်တော့ မိမိတို့ Android OS မှာ မြန်မာဖောင့်ကို ကောင်းကောင်း ရေးလို့ ဖတ်လို့ ရသွားပါလိမ့်မယ် ..






Myanmar  Fonts  Download




Free Mobile GPRS

 


Free Mobile GPRS Provider have Launched a New version of FREE GPRS MOBILE SOFTWARE. just download from
   
Download Here
****laptop tutorial videos by TzH ***








ကျွန်တော် ဒီနေ့ ဆွေးနွေးပေးမယ့် အကြောင်းအရာလေးကတော့ အများကြီး လေရှည်မနေတော့ပါဘူး။ ကျွန်တော်တို့ ခုနောက်ပိုင်း ခေတ်ထ လာတဲ့ Laptop ပိုင်းတွေကို ပျက်ရင် ပြင်ဆင်တဲ့ အပိုင်းလေးတွေမှာ သိထားသင့်တာလေးတွေ ပြုပြင်တက်ဖို့တွေအတွက် Video ဖိုင်တွေ နဲ့ ရှင်းပြထားတာလေးတွေကို တင်ပေးမှာ ဖြစ်ပါတယ်။ ဘာတွေပါသလဲံ့ ဘယ် အပိုင်းတွေကို ပြင်ဆင်ပေးထားသလဲ့ဆိုတာကတော့ အောက်က ခေါင်းစဉ်တွေကို ကြည့်ပါ။ Laptop ရှိသူတိုင်း ဆောင်ထားသင့်တဲ့ အပိုင်းတွေ ချည်းပါပဲ့။ 
ဖြည်ဆွက်ချက် ... အပိုင်း ၁ ကို မေးလာတဲ့ အတွက် ဖြည့်ဆွက်ချက် အနေနဲ့ ထည့်ပြောလိုက်ပါတယ်။ အပိုင်း ၁ က introdution အပိုင်းပါ။ အင်ထရို အပိုင်း နဲ့ စက္ကန့်လေး ၄၉ စက္ကန့်မို့ မထည့်ပေးလိုက်တော့တာပါ။ နားလည်ပေးနိုင်မယ် ထင်ပါတယ်။ 


30 - ToshibaPowerJack-NoSoldering-MD.avi
147.12 MB

29 - TestinganInverterandScreen-CompaqLaptop-MD.avi
|295.2 MB

28 - PowerAdapterFix-GatewayLaptop-HD.avi
199.33 MB

27 - CheckingDCJackonHPDV5-hd.avi
28.35 MB

26 - SpilledBeeronaDellInspiron1525-hd.avi
403.34 MB

25 - HPDV8000-SpilledIcedTea-KeysNotWorking-HD.avi
180.94 MB

24 - WaterDamagedLaptop-Toshiba-HD.avi
82.38 MB

23 - VaioLaptopPowerJackRepair-HD.avi
315.84 MB

21 - PowerJackFix-Aspire3680-HD.avi
232.45 MB

22 - TouchpadButtonsNotWorking-HD.avi
4.9 MB

20 - ScreenReplacement-PanasonicToughBookCF-W5-HD.avi
52.52 MB

18 - ReplacingAKeyboard-DellInspiron1521-HD.avi
24.17 MB

19 - ScreenBackCoverReplacement-DellInspiron1521-HD.avi
186.45 MB

17 - ReplaceLCDCover-AcerAspire3610-HD.avi
68.32 MB

15 - ReplaceCrackedScreen-Aspire3680-HD.avi
63.67 MB

16 - WontBootUp-HPDV6000-HD.avi
303.34 MB


14 - RemovingAndTestingAHardDriveWithKNOPPIX-HD.avi
22.85 MB

13 - PowerJackRepair-GatewayLaptop-HD.avi
670.04 MB


12 - PowerJack-DellB130-HD.avi
204.14 MB

11 - VaioRibbonRepair-HD.avi
271.16 MB

09 - MotherboardReplacement-HPDV6000-HD.avi
47.4 MB

10 - ReplaceKeyboard-GatewayLaptop-HD.avi

41.02 MB

08 - ToshibaLaptopPowerJackFix-HD.avi
340.51 MB

07 - PowerProblems-GatewayLaptop-HD.avi
535.3 MB

06 - HowToTakeaLaptopApart-HD.avi
177.73 MB


05 - Motherboards-HD.avi
82.25 MB


04 - CD-DVDDrives-HD.avi
94.41 MB


03 - Batteries-HD.avi
101.92 MB


02 - Tools-HD.avi
72.77 MB


အပေါ်က ဖိုင် အားလုံးကို  ဒီမှာသွားဒေါင်း ပါ
အားလုံးအဆင်ပြေအောင်လို့ အပိုင်းတွေ ပြန်ပိုင်းပြီး တင်ပေးထားပါတယ်။ အကုန်လုံးကို ဒေါင်းပြီး ဖိုရာ တခုထဲ့ကို ဖြည့် Zip ဖြည်ပါ။နံပါတ်စဉ်လိုက် rar ဖိုင်တွေကို သေချာဒေါင်းပါ။ လိုတာ ရှိလာရင် ဒေါင်းရခက်ရင် ပြောပါ အမြဲတမ်း လင့်တွေ မသေအောင်လို့ Skydrive မှာ တင်ပေးလိုက်တာပါ။ ဒေါင်းချင်တဲ့ ဖိုင် အရှေ့မှာ အမှန်ခြစ်လေး ပေးပြီး ညာဘက် အခြမ်းက Download ဆိုတာကို နိုပ်ဒေါင်းယုံပါပဲ။
မှတ်ချက်။ ။သန့်ဇင်ဌေး မှ ကူးယူ ဖော်ပြထားခြင်းဖြစ်သည်။
 

Monday, 18 June 2012


***ကမ္ဘာ့အကောင်းဆုံး Game Download Websites များ***



ယနေ့ခေတ် IT ကမ္ဘာက လူငယ်များအတွက်ကတော့ Game ဆိုတာဟာ ပြောစရာမလိုလောက်အောင် ရင်းနှီးကျွမ်းဝင်နေတဲ့ အသည်းစွဲပါ။ X Box, Wii Game, Sony, Apple i-pod, Apple i-pad စတဲ့ Digital Device မျိုးစုံနဲ့။ Gamming Adventure တွေကြားမှာ မွေးဖွားလာကြတဲ့ Digital Generation လူငယ်များအတွက် ဒီတစ်လ Inernet Travelling ကဏ္ဍမှာ Internet ပေါ်က ကမ္ဘာ့အကောင်းဆုံး Free Game Download Website များကို တင်ပြပေးလိုက်ပါတယ်။ စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


1. http://games.yahoo.com/

အင်တာနက်ပေါ်မှာရှိတဲ့ content မှန်သမျှကို Provide လုပ်ပေးနေ တဲ့ Leading Internet Content Provider ဖြစ်တဲ့ Yahoo! Website ဟာ Free Game Download နဲ့ ပတ်သက်ပြီးတော့လည်း ကမ္ဘာ့အကောင်း ဆုံး Website တစ်ခုပါတဲ့။ ဒီဆိုဒ်ပေါ်မှာ Free Game မျိုးစုံသာမက Puzzle Game, Card game စတဲ့ Paper Based Game မျိုးစုံကိုလည်း Download ရယူနိုင်ပါသတဲ့။



2. http://www.gamezone.com/

ဒီဆိုက်မှာလည်း Game နဲ့ ပတ်သက်တဲ့ Review (သုံးသပ်ချက်) တွေ၊ News Releases တွေ၊ Special Passwords တွေ စတဲ့ Gamming Services တွေအားလုံးကို ရနိုင်တဲ့ အပြင် PC, PS2, PS 3, XBOX, PSP, GBA, DS, Mobile, WII, MMPOG စတဲ့ Devices အစုံအလင်အတွက် Game ပေါင်းစုံကို တစ်နေရာထဲမှာ Download ရနိုင်တဲ့အတွက် PC Gammer တွေ အထူးအကြိုက်တွေ့ မယ့် Website တစ်ခုပါ။




3. http://www.gamespot.com/

ဒီ Site မှာလည်း gamezone တုန်းကလိုပဲ device အစုံအတွက် Game Download ရယူနိုင်တဲ့ အပြင် ထူးထူးခြားခြား i-phone တွေ i-pad တွေအတွက်လည်း ထိတွေ့ခံစားမှုနဲ့ ဆော့လို့ရတဲ့ Touch Game တွေ Download ရယူလို့ရပါတယ်။ နောက် ဒီ Site ပေါ်မှာ Game နဲ့ ပတ်သက် တဲ့ Latest Headlines တွေကိုလည်း ဖတ်ရှုလို့ ရပါသေးတယ်။


4. http://www.games.com/

ဒီ Site ကို ၀င်ဖို့ကတော့ User Name, Password ပါတဲ့ Account တစ်ခု ဖန်တီးဖို့ ပထမဆုံး လိုပါ တယ်။ ဒီ Site မှာလည်း Game မျိုးစုံ ကို Free Download ရနိုင်တဲ့အပြင် ထူးခြားတာက။ Gamming နဲ့ သက် ဆိုင်တဲ့ Technology Fourm တွေမှာ လည်း ၀င်ရောက် ဆွေးနွေးပြီး အသိပညာ ဖလှယ်နိုင်ပါသေးတယ်။


5. http://zone.msn.com/

Online လောကရဲ့ နာမည် ကြီး msn ရဲ့ msn games site မှာ လည်း startegy, Action စတဲ့ High Definition, High Graphic Game မျိုးစုံ ကို Download ရယူနိုင်ပါတယ်။


6. http://www.gamespy.com/

ဒီ Site မှာလည်း Game မျိုး စုံ၊ Game နဲ့ ပတ်သက်တဲ့ Review မျိုးစုံ၊ Guide မျိုးစုံကို Download ရယူ နိုင်ပြီး ထူးခြားတာက Religion's Role in Gamming တို့လိုမျိုး ထူးခြားတဲ့ Topic ကလေးတွေကို ဒီ Site ပေါ် မှာ ရှာဖွေ ဖတ်ရှုနိုင်ပါသေးတယ်။



7. http://www.hotgames.com/

ဒီ site ကတော့ Free Game Download နဲ့ ပတ်သက်ပြီး ကမ္ဘာ့ ဒုတိယအကောင်းဆုံး Web-site တစ်ခုပါ။ ဒီဆိုဒ်ရဲ့ Home Page မှာ Selection Popular Games တွေကို Download ဆွဲလို့ ရသလို၊ Website တစ်ခု ဖန်တီးဖို့အတွက် Free Hosting, 300 Free templates, Free Homepage စတာတွေကိုလည်း Download ရယူနိုင်ကြပါတယ်။ ဒါ့ အပြင် သူ့ဆီမှာလည်း Arcad Games, Card Games, Puzzles, Sports Games, Word Games အစုံ အလင်ကိုလည်း Free Download ရ ပါသေးတယ်။


8. http://videogames.yahoo.com/

ဒါကတော့ ခုနက ကမ္ဘာ့ အကောင်းဆုံး Yahoo! Website ရဲ့ Video Games သီးသန့် Free Download Selection Site ပါ။ Video Game မျိုးစုံကို Download ရနိုင်ပါ တယ်။



9. http://www.gamehippo.com/

ဒီ Site မှာတော့ ပေါ့ပေါ့ပါးပါး အသေးစား Flash Game ကလေး တွေရယ်၊ ကလေးတွေအကြိုက် Baby Game, Funny Game လေးတွေ မျိုးစုံကို အခမဲ့ ရယူနိုင်ကြပါတယ်။



10. http://www.softwarearchives.com/

ဒီ Site ကတော့ Game အကြီးစားကြီးတွေကို Download လုပ်လို့ရမှာ မဟုတ်ပဲ၊ Cell Phone, Pocket PC, Tablet စတဲ့ Small Screen Devices များအတွက် ရည်ရွယ်တဲ့ Game တွေကို Download ရယူနိုင်ကြမှာ ဖြစ်ပါတယ

Source ..    http://knowledgeszone.blogspot.com/2011/01/game-download-websites.html
From Forward Mail

Sunday, 17 June 2012

 *****Remove logo Now! from video v1.1*****

 
ကျွန်တော်တို့ အခု Video တွေမှာရှိတဲ့ LOGO လေးတွေဖယ်ရှားလို သူများအတွက်ပါ။ ပါနေတဲ့ ရက်စွဲတွေ နဲ့အချိန်တွေကို အလွယ်တကူဖယ်ရှားပေး နိုင်ပါလိမ့်မယ်။ Support လုပ်ပေးတဲ့ Video Formats လေးတွေကတော့ AVI, MOV, M1V, MP2, SVCD, FLV, MP4, M2V, DVD, SWF, 3GP, MKV, WMV, နဲ့  RM10 စတာလေးတွေပဲဖြစ်ပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက်ပါဗျာ။
Remove Logo Now! from Video v1.1



အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။
 
****** Wedding album maker Gold 3.50 ******
 
 
 
 

ကျွန်တော်တို့ ဒီ Wedding Album Maker လေးမျိုး ဟိုးအရှေ့မှာ တင်ပေးခဲ့ပြီးပါပြီ။ ဆက်ပြီးတော့လည်း Update ဖြစ်ရင်ဆက်တင်ပေးသွားပါ့မယ်။ အထဲမှာ Full Version လေးဖြစ်အောင် Key လေးပါထည့်ပေးထား ပါတယ်။ ဒီ ကောင်လေးဟာဆိုရင်တော့ ကျွန်တော်တို့ Wedding Photos တွေကို background music တွေ Pan&Zoom တွေနဲ့  transition effects တွေကို ထည့်သွင်းပြီး မိမိတို့ စိတ်ကြိုက်နှစ်သက်သလို ပြုပြင်ပေးနိုင်ပါတယ်။ Lovely Music လေးတွေ  Transition Effects လေးတွေနဲ့ ကျွန်တော်တို့ရဲ့ Wedding Album လေးကို အကောင်းဆုံး နဲ့ ချစ်စရာအကောင်းဆုံး ဖြစ်အောင်ပြုပြင်ပေးနိုင်ပါတယ်။ ပြီးရင်တော့ ကျွန်တော်တို့ အခွေထဲ ထည့်ပြီး Burn ပေးလိုက်ရင် အဆင်ပြေပါပြီ။ အဆင့်သုံးဆင့်ပါဝင်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 24.62 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။
ကျွန်တော်အောက်မှာ အဆင်ပြေအောင် နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးတွေကနေသာ ယူသွားလိုက်ပါဗျာ.။
Wedding Album Maker Gold 3.50

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။

ကလေးတွေကိုလမ်းမှားမရောက်အောင် ဘယ်လိုထိန်းချုပ်မလဲ ....





ဒီကောင်လေးကတော့ ကျွန်တော်တို့ ကလေးတွေနဲ့ မိဘတွေကြားမှာရှိတဲ့ ထိန်းချူပ်မှုလေးတစ်ခုပေါ့ဗျာ.။ တောင်းထားတာလေးလဲ ရှိတာနဲ့ တင်ပေးဖြစ်သွားတာပါ။ ကျွန်တော်နောက်ပိုင်း ကျွန်တော့်မိတ်ဆွေတွေ တောင်းထားတာလေးတွေကို ဖြေးဖြေးချင်းတင်ပေး သွားပါမယ် ခင်ဗျာ။ လက်တစ်လော အချိန်လေးအတွင်းမှာတော့ နည်းနည်းလေးသည်းခံပေးပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။ အခုကျောင်းပိတ်ပြီဆိုတော့ ကျွန်တော့်မိတ်ဆွေတွေအတွက် အချိန်ပြည့် Update ဖြစ်ပေးနိုင်အောင် ကျွန်တော်ကြိုးစားပေးသွားပါ့မယ်။ အခု ဒီကောင်လေးရဲ့အကြောင်းကို အသေးစိတ်ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ စက်တွေကို ကလေးတွေရဲ့ နေရာမှာ ထားတယ်ပေါ့ဗျာ.။ ဥပမာ အခန်းခွဲ အိပ်တဲ့ ကလေးတွေပေါ့နော်။ Internet ကနေသူတို့ သူငယ်ချင်းအသစ်တွေရှာမယ် ပြီးတော့ အိမ်စာ assignments တွေကို Internet ကနေတစ်ဆင့်ရှာဖွေလာကြမယ် နောက်ပိုင်း သိလာတာနဲ့အမျှ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိလာပါမယ်။ ဥပမာ ကလေးတွေအတွက် မကြည့်သင့်တဲ့ ဆိုဒ်မျိုးတွေပေါ့ဗျာ။ ဒါက အရှင်းဆုံး ဥပမာအနေနဲ့ ပြောပြတာပါ။ Password နဲ့ အသုံးပြုတဲ့အတွက် လုံခြုံ ပါတယ်။ ထပ်ပြီးတော့ ကလေးတွေ ဝင်မဖြုတ်နိုင်အောင်လည်း Registry တွေ Command Prompt တွေကိုပါ ဒီကောင်လေးကနေ ဖျောက်ပေးထားနိုင်ပါတယ်။ ဒါထက်ပိုပြီးအသုံးဝင်တဲ့ Features လေးတွေ ထပ်ပြီး ပါဝင်ပါသေးတယ်။ ဒါတွေကို ကျွန်တော်တို့ မိဘတွေအနေနဲ့  ဒီကောင်လေးနဲ့ ကလေးတွေ မသိအောင် ဘယ်လို ထိန်းချူပ်ထားမလဲဆိုတာကို အောက်မှာ ဆက်ကြည့်ရအောင်ဗျာ.။ အဆင်မပြေတဲ့သူတွေအတွက်ကိုပါ ကျွန်တော် PDF ဖိုင်လေးပါထည့်ပေးထားပါတယ်။
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ Key ထည့်တာလေးကို ပြထားပါတယ်။ အောက်မှာဆက်ကြည့်လိုက်ပါ။
 ကျွန်တော် ကီးထည့်ထားတာကို ပြပေးထားတာပါ။ အထဲမှာ Keygen လေးထည့်ပေးထားပါတယ်။ အောက်မှာ ဆက်ကြည့် ရအောင်ဗျာ.။
ဒါကတော့ ကျွန်တော်တို့ Key ထည့်ပြီးတဲ့ အချိန်မှာ ပထမဆုံး ဖြစ် Time Limits ကနေစကြည့်တာလေး ဖြစ်ပါတယ်။  ပထမတစ်ခုကတော့  ကျွန်တော်တို့ PC ရဲ့အချိန်ကို မိမိတို့ လိုသလို ထိန်းချူပ်ပေးထားနိုင်ပါတယ်။ အောက်ကတစ်ဆင့်ကတော့ Internet သုံးတဲ့အချိန် ဖြစ်ပါတယ်။ ဒါလေးကိုလည်း မိမိတို့လို အပ်သလို ထပ်ပြီး ထိန်းချုပ်ပေးထားနိုင်ပါတယ်။ 
ဒါကတော့ ဒုတိယအဆင့်လေး ဖြစ်ပါတယ်။ PC Blocked Times နဲ့ Internet Blocked Times ဆိုပြီး နှစ်ပိုင်းပါဝင်ပါတယ်။ ကျွန်တော်တို့ ရက်အလိုက် ကလစ်လေးထောက်ပြီး ထိန်းချုပ်ပေးထားနိုင်ပါတယ်။ ဆက်ကြည့်ရအောင်ဗျာ.။
ဒါကတော့ Special Limits လေးပဲဖြစ်ပါတယ်။ ကျွန်တော် တို့ လိုအပ်သလို ထိန်းချုပ်ပေးထားနိုင်ပါတယ်။ အသုံးပြုရတာလည်း ပုံလေးတွေမှာ ပါဝင်တဲ့ အတိုင်းပဲ ရိုးရိုးရှင်းရှင်းလေးတွေပါပဲ။
ဒီအဆင့်လေးကတော့ ကျွန်တော်အကုန်တော့ မရှင်းပြတော့ပါဘူး။ ရိုးရိုးလေးပါပဲ။ ကျွန်တော် မျှားလေးထိုးထားတာလေးတွေကိုလိုက် ကြည့်ရင်ကို အဆင်ပြေပါလိမ့်မယ်။ ကျွန်တော်တို့ ပိတ်ထားလိုတဲ့ ကောင်လေးတွေကို အမှန်ခြစ်လေးတွေလိုက်ပေးလိုက်ရုံပါပဲ။ ဒုတိယတစ်ခုရဲ့ Unwanted ( URL ) ဆိုတဲ့နေရာလေးမှာတော့ ကျွန်တော်တို့ ကလေးတွေကို မမြင်စေချင်တဲ့ ဆိုဒ်ရဲ့ လင့်ခ်လေးတွေကို ထည့်ပေးလိုက်ရုံပါပဲ။ အခုလိုပဲ ဆက်ပြီး မိမိတို့ လိုအပ်သလို ကလေးတွေအတွက် လိုအပ်သလို ထိန်းချုပ်ပေးထားနိုင်ပါတယ်။
ဒီအဆင့်ကတော့ မိမိတို့ ကလေးတွေအတွက် မသုံးစေလိုတဲ့ Programs လေးတွေကို ပိတ်ထားခြင်းပဲဖြစ်ပါတယ်. ။ ဒါ့အပြင် သူတို့ Run ပြီးသုံးမရအောင်ပါပိတ်ထားလို့ရပါတယ်။ ဆက်ကြည့်ရအောင်ဗျာ.။
ဒါကတော့ ကျွန်တော် ဟိုး အရှေ့မှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။ Command Prompt တွေ Registry Editor တွေကို ဖျောက်ပေးနိုင်ခြင်း စတဲ့  Features လေးတွေဖြစ်ပါတယ်.။ အဆင်ပြေမှာပါ။ 
ဒါကတော့ နောက်တစ်ဆင့်ပါ။ ကျွန်တော်တို့ ဖိုလ်ဒါလေးတွေကို Lock ချလိုက်တာပါ။ မိမိတို့ မမြင်စေလိုတဲ့ ဖိုလ်ဒါလေးတွေ ကို Add ကနေပေါင်းထည့်ပေးပြီး ထိန်းချုပ်ထားရုံပါပဲ။။
ဒါကတော့ ကျွန်တော်တို့ Administrator နဲ့ Users ခွဲခြားပေးနိုင်တဲ့ကောင်လေးဖြစ်ပါတယ်။ အောက်မှာ ဆက်ကြည့်ရအောင် ဗျာ.။
ဒါကတော့ ကျွန်တော်တို့ လိုအပ်သလိုပြုပြင်ထိန်းချုပ်နိုင်မယ့် အဆင့်လေးပဲ ဖြစ်ပါတယ်.။ ကျွန်တော်တို့ အားလုံး ဒီလောက်ဆိုရင် ကျွန်တော်ရဲ့ ကလေးတွေကို ဘယ်လိုနည်းနဲ့ ထိန်းချုပ်ပေးနိုင်မလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။ တစ်ချို့ကြတော့ keylogger လေးတွေသုံးကြပါတယ်။ ဒါလေးက သုံးရတာ ပိုအဆင်ပြေပါတယ်။ ကျွန်တော်ပုံမမြင်ရတဲ့ သူတွေအတွက် အဆင်ပြေအောင် PDF ဖိုင်လေးနဲ့ပါ ထပ်ပြီးထည့်ပေးထားပါတယ်။ ဒီကောင်လေးရဲ့ ဖိုင်ဆိုဒ်ကတော့ 19.8 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ.။
Salfeld Child Control 2012
PDF File Download
အားလုံးပဲအဆင်ပြေကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။
မှတ်ချက်။။။နေမင်းမောင် မှ ကူးယူမျှဝေထားပါသည်