အင်တာနက်ဆိုတာ သုံးတတ်ရင်အင်မတန်ပျော်ဖို့ကောင်းပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့အတစ်ခုပါ.
www.picjoke.net : ဒီsite မှာတော့ သူငယ်ချင်းတို့ အတွက် ဓာတ်ပုံဘောင် လှလေးတွေကို အဆင့်သင့်ရွေးချယ်ပြီး သုံးရုံပါပဲ... ခက်ခက်ခဲခဲ အသုံးပြုစရာဘာမှမလိုပဲ လွယ်လွယ်ကူကူအသုံး ပြုလို့ရတဲ့ Site လေးတစ်ခု ဖြစ်ပါတယ်…။
www.photofunia.com : Photoshop
ကို ကျွမ်းကျင်စွာ အသုံးမချတတ်တဲ့သူတွေအတွက်
ကိုယ်တိုင်စိတ်ကြိုက်ဒီဇိုင်းနဲ့ မိမိပုံကိုဖန်တီးနိုင်မယ့်
နေရာလေးဖြစ်ပါတယ်။ဓာတ်ပုံပြုပြုင် တဲ့ဝက်ဘ်ဆိုက်တွေထဲက တစ်ခုဖြစ်ပြီး
ပုံတွေကို သာမန်ပြုပြုင်ရုံသာမကဘဲ ဘေးကနေဘောင် တွေထည့်တာတွေ၊ ဓာတ်ပုံ
effect လေးတွေ ထည့်သွင်းတာကိုပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။အဓိက
လိုအပ်တာကတော့ပြုပြုင်ချင်တဲ့ဓာတ်ပုံကောင်းကောင်းလေးဖြစ်ပြီး ပုံကို
အွန်လိုင်းပေါ်သို့upload ပြုလုပ်ပေးရမှာဖြစ်ပါ တယ်။ပြီးရင်တော့
ဝက်ဘ်ဆိုက်ထဲမှာ လိုအပ် သလိုပြုပြုင်ပြီး
ကွန်ပျူတာထဲကိုထည့်သွင်းသိမ်းဆည်းထားခြင်းပြုလုပ်နိုင်မှာပါ။ဝက်ဘ်ဆိုက်လေးရဲ့ချစ်စရာကောင်းကွက်လေးတွေကတော့
သူငယ်ချင်းတွေကြည့်ရှုနိုင်စေဖို့ အတွက် လူမှုကွန်ရက်
ဝက်ဘ်ဆိုက်တွေကိုတင်ပေးနိုင်ခြင်းပါပဲ။
www.toonsgig.com :
နှစ်သစ်ကူးကာလလို အချိန်မျိုးတွေမှာ သူငယ်ချင်းတွေနဲ့ ကိုယ်မြတ်နိုး
ကြင်နာ သူလေးဆီကို အမှတ်တရကတ်ပြားလေး တွေပို့ဆောင်ချင်သူတွေအတွက်
အွန်လိုင်းကနေတစ်ဆင့်အမှတ်တရကတ်ပြားလေး
တွေပို့ဆောင်ချင်သူတွေအတွက်အွန်လိုင်း ကနေ တစ်ဆင့် e Card လေးတွေ
ပို့ဆောင်နိုင်မယ့်နေရာလေးပဲဖြစ်ပါတယ်။ခရစ္စမတ်၊ ဟောလိုးဝင်းနဲ့
ဟက်ပီးနယူးရီးယားပုံစံ eCard
လေးတွေကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။ချစ်သူရည်းစား တွေအတွက်ဆိုရင်တော့
စိတ်ကောက်ပြေ အောင်ချော့နိုင်မယ့် ကတ်လေးတွေတောင်
ရှိနေပါသေးတယ်။ဝက်ဘ်ဆိုက်ကို အသုံးပြုရတဲ့ပုံစံကတော့ ကိုယ်ကြိုက်နှစ်
သက်တဲ့ eCard လေးကိုတွေ့မြင်တယ်ဆိုရင်တော့ send this page ဆိုတဲ့နေရာလေးကနေ
ပို့လိုက်ရမှာဖြစ်ပါတယ်။
www.printfree.com : ပြက္ခဒိန်၊
လက်ကမ်းစာစောင်၊ ခရစ္စမတ်ကတ်များကို အလွယ်တ ကူပြုလုပ်နိုင် စေမယ့်
ဝက်ဘ်ဆိုက်လေးတစ်ခုကိုလမ်းညွှန် ပေးချင်ပါတယ်။လှပသော
ကတ်လေးများကိုမိမိဘာသာစီမံဖန်တီးနိုင်ပြီး မိတ်ဆွေ၊သူငယ်ချင်းများ
ထံသို့ပေးပို့နိုင်ပါတယ်။ ဒါ့အပြင် အခြားသော
နမူနာပုံစံများမှပြက္ခဒိန်၊ခရစ္စမတ်ကတ် ဓာတ်ပုံနှင့် မွေးနေ့ကတ်
တို့ကိုလည်းလေ့လာနိုင်ပါတယ်။သူငယ်ချင်း အပေါင်းအသင်းတွေအတွက် လှပသော
ကတ်ဆန်းဆန်းလေးများ တီထွင်ဖန်တီးလိုသူတိုင်း လေ့လာသင့်တယ်လို့ ထင်ပါတယ်။
ရွေးချယ် စရာတော်တော်များတဲ့အတွက်တောင် ဘာကိုရွေးချယ်ရမှန်း
မသိအောင်ဖြစ်သွားနိုင်ပါတယ်။
www.kidsworldfun.com ကလေးသူငယ်တွေအတွက်
ပြုလုပ်ပေးထားတဲ့ ဝက်ဘ်ဆိုက် လေးပဲဖြစ်ပါတယ်။
လူကြီးအကြိုက်တွေသာများလေ့ရှိတဲ့ အွန်လိုင်းဟာ ကလေးတွေအတွက်
ဖြည့်စွမ်းမှုလေးတွေပြုလုပ်လာပါတယ်။ကလေးကြိုက်
လက်ဆောင်ကတ်လေးတွေကိုတွေ့မြင် နိုင်မှာဖြစ်ပြီးသူငယ်ချင်းတွေဆီ
မျှဝေနိုင်အောင်ပါ ပြုလုပ်ပေးထားပါတယ်။ဆိုက်ရဲ့ပုံစံလေးက ဝက်ဘ်ဆိုက်
ပုံစံလေးဖြစ်ပြီး လက်ဆောင်ကတ်လေးတွေပေးပို့နိုင်အောင်
စီစဉ်ထားပေးတာပါ။ဂိမ်းအပိုင်းကိုကြည့်လိုက်မယ်ဆိုရင် ကလေးအကြိုက်
ဖြစ်မဲ့ဂိမ်းလေးတွေပဲအများစုပါပါတယ်။ဂိမ်းတွေဆော့ကစားရင်း eCard
ပို့ချင်တဲ့ကလေးတွေအတွက် တော့အဆင်ပြေစေမှာပါ။
No comments:
Post a Comment